[INSERT_ELEMENTOR id="885"]
ဘယ်လို ကဏ္ဍတွေကို အဓိကထား လုပ်ဆောင်သွားမှာလဲ?
၂၁ ရာစုမှာ လိုအပ်တဲ့ စွမ်းရည် တွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး ဒီကဏ္ဍတွေကို အဓိက ထား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဘာတွေသင်ယူရမလဲ ?
လူမှုရေးဆိုင်ရာ အသိပညာ
မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူမျိုးပေါင်းစုံအကြား နားလည်မှုနဲ့ လေးစားမှုကို မြှင့်တင်ပေးပါမယ်။ ကိုယ်ချင်းစာတတ်တဲ့၊ စည်းလုံးညီညွတ်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ကူညီပေးသွားမှာပါ။
Environmental Education
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရေရှည်တည်တံ့တဲ့ လုပ်ဆောင်ချက်တွေကို သင်ကြားပေးပါမယ်။ ကလေးတွေကို သဘာဝနဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်တဲ့၊ တာဝန်ယူမှုရှိတဲ့ လူကြီးတွေ ဖြစ်လာစေဖို့ ပံ့ပိုးပေးသွားမှာပါ။
Burmese Language
မြန်မာစာ နှင့် မြန်မာ့ယဉ်ကျေးမှုကို ကလေးတွေကို သင်ကြားရာမှာ ပိုမိုလွယ်ကူပြီး ပျော်ရွှင်ဖွယ်နည်းလမ်းများနဲ့ သင်ကြားနိုင်မယ့် သင်ကြားရေးနည်းလမ်းများ၊ သင်ထောက်ကူပစ္စည်းများနဲ့ မိတ်ဆက်ပေးသွားပါမယ်။
ငွေကြေးဆိုင်ရာ အသိပညာ
စုဆောင်းခြင်း၊ ဘတ်ဂျက်လုပ်ခြင်းနဲ့ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံတွေ သင်ကြားပေးရင်း ဒစ်ဂျစ်တယ်ငွေကြေးနဲ့ စီးပွားရေးကို လေ့လာပြီး လက်တွေ့ဘဝမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်အောင် ပြင်ဆင်ပေးသွားမှာပါ။
Digital Citizenship
အွန်လိုင်းလုံခြုံရေး၊ ဒစ်ဂျစ်တယ်ကျင့်ဝတ်နဲ့ အချက်အလက်တွေကို ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းတွေ မြှင့်တင်ပေးပါမယ်။ ဒစ်ဂျစ်တယ်ခေတ်မှာ ဝင်ဆံ့နိုင်တဲ့ မျိုးဆက်သစ်တွေ ဖြစ်လာစေဖို့ပါ။