Our Activities

Self-Paced Course Production

ပညာရေး ပြောင်းလဲမှုကို ပံ့ပိုးပေးတဲ့ နိုင်ငံတကာ အဖွဲအစည်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းပြင်ပ ကလေးတွေ အတွက် လေ့လာသင်ယူနိုင်မယ့် E-Learning Course တွေ ဖန်တီးနေပါတယ်။ မကြာခင်မှာ PSK ရဲ့ Course အသစ်တွေကို ဘယ် Platform ပေါ်မှာ လေ့လာလို့ရနိုင်မလဲဆိုတာ ကြေညာပေးသွားမှာဖြစ်လို စောင့်ကြည့်ပေးကြပါဦးနော်။

Digital Literacy Training for Communities

မိဘ၊ ဆရာနဲ့ လူငယ်တွေအတွက် အကျိုးရှိစေမယ့် အသိပညာတွေကို လူမှုကွန်ရက်ကတစ်ဆင့် မျှဝေပေးနေပါတယ်။ 🎯 ကျေးလက်နဲ့ ဝေးလံခေါင်ဖျားဒေသတွေက ကလေးတွေနဲ့ ဆရာတွေဆီ ပညာရေးဆိုင်ရာ အရင်းအမြစ်တွေ ရောက်ရှိစေဖို့ ကြိုးပမ်းနေပါတယ်။ 🎯 ဒစ်ဂျစ်တယ်သင်ယူမှုဆိုင်ရာ အစီအစဉ်တွေကို ပိုမိုချဲ့ထွင်ရင်း နည်းပညာအခြေပြု သင်ယူမှုကို မြှင့်တင်ပေးဖို့ အတွက် ကြိုးစားနေပါတယ်။

Teacher Training Programs

ဆရာတွေကို သက်ရောက်မှုရှိတဲ့ သင်ခန်းစာတွေ ပို့ချနိုင်စေဖို့၊ သင်ကြားရေးမှာ လက်တွေ့အသုံးချနိုင်တဲ့ ကိရိယာတွေ ပံ့ပိုးပေးပြီး နည်းလမ်းတွေ လေ့ကျင့်သင်ကြားပေးနေပါတယ်။

Development of Educational Resources

ပညာရေးမှာ အထောက်အကူဖြစ်စေမယ့် Activity Books၊ ဒစ်ဂျစ်တယ်သင်တန်းတွေနဲ့ ပညာပေးဂိမ်းတွေကို ဖန်တီးပေးနေပါတယ်။